Videos

Blink 182 After Midnight

Youtube


အဝေးဆုံးမှာ

နင်ဘာကြောင့်စိမ်းကားရက်တာ ငါကိုယ်တိုင်နားမလည်
မမေ့နိုင်မှန်းသိရက်နဲ့နင် တမင်တကာရှောင်ပြေးတယ်
ဟိုအဝေး… အဝေးဆုံးမှာ ငါ့စိတ်ကူးတို့မျောလွင့်နေ
အိပ်မက်က ခြောက်လှန့်လို့ ငါ အိပ်လို့မရခဲ့တာ
ကြာနေပြီ……
နင့်အကြောင်းတွေ ပြန်တွေးကာ
အချိန်တိုင်းငါ ရင်မောတယ်
ငါ့အတွေးမှာ ကျန်ရစ်တဲ့
ပုံရိပ်တွေက အဝေးမှာ
ဘယ်ဆီကို ရောက်နေလဲ
နင့်ရဲ့အနား ဘယ်သူရှိမလဲ
ငါမသိဘူး မတွေးတတ်ဘူး
ကရုမစိုက်ပဲ နေချင်တယ်
မင်းလိုပဲ……
ငါအချိန်တိုင်းသတိရမိတယ် ရင်ခုန်သံများနဲ့
ဟိုအရင်ကအမှတ်တရနေ့တို့ ပြန်လိုချင်မိတယ်
စိတ်ကူးနဲ့လက်တွေ့ဘ၀ တစ်နေရာစီပဲကွယ်
အနေဝေးလို့မင်းမေ့လဲ ရင်ထဲပဲသိမ်းထားမယ်
ခံစားချက်များ……

ပြင်ဦးလွင် မီးပုံးပျံပွဲ


Comments

Popular Posts